Frequently Asked Questions
Frequently asked questions and answers about mSupply and eLMIS
အကောင့်ဖွင့်ခြင်း
1. အကောင့်အသစ် (Create New Account) ပြုလုပ်နည်းနှင့် လိုအပ်သော အချက်အလက်များကို သိလိုပါသည်။ +
ဖြေ။ အကောင့်အသစ်ဖွင့်ရန် အောက်ပါအဆင့်များအတိုင်း ဆောင်ရွက်ရမည် ဖြစ်ပါသည် -
- အဆင့် (၁): Login ဝင်ခြင်း
- [https://learn.labaccex.com](https://learn.labaccex.com) သို့ ဝင်ရောက်၍ Login -> Create new account အဆင့်ဆင့်နှိပ်ပါ။
- အဆင့် (၂) လိုအပ်သော အချက်အလက်များ ဖြည့်စွက်ခြင်း -
- အကောင့်အချက်အလက် (Username, Password, Email)၊
- Username: စာလုံးသေး၊ ကိန်းဂဏန်း နှင့် (-), (_), (.), @ တို့သာ သုံးရမည်။
- Password: အနည်းဆုံး ၈ လုံး ရှိရမည်။ ပါဝင်ရမည့်အရာများ -
- ကိန်းဂဏန်း (အနည်းဆုံး ၁ လုံး)
- စာလုံးသေး (အနည်းဆုံး ၁ လုံး)
- စာလုံးကြီး (အနည်းဆုံး ၁ လုံး)
- အထူးသင်္ကေတ (ဥပမာ - *, -, # စသည်ဖြင့် အနည်းဆုံး ၁ လုံး)
- ကိုယ်ရေးအချက်အလက် (First name, Last name, Phone No) နှင့်
- လုပ်ငန်းခွင်အချက်အလက် (Rank, Department, City/Town, Country) များကို ဖြည့်စွက်၍ "Create my new account" ကို နှိပ်ပါ။
- အဆင့် (၃) အကောင့်အတည်ပြုခြင်း -
- မိမိအီးမေးလ်သို့ ပေးပို့လာသော Account Confirmation Link ကို နှိပ်၍ အကောင့်ကို Confirmation ပြုလုပ်ပြီး စတင်အသုံးပြုနိုင်သည်။
2. Password မေ့သွားပါက မည်သို့ ဆောင်ရွက်ရမည်နည်း။ +
ဖြေ။ အောက်ပါအဆင့်များအတိုင်း Password ပြန်လည်သတ်မှတ် (Reset) နိုင်ပါသည် -
၁။ လော့ဂ်အင် (Login) စာမျက်နှာရှိ “Lost password” ခလုတ်ကို နှိပ်ပါ။
၂။ မိမိအကောင့်ဖွင့်ခဲ့သည့် Username သို့မဟုတ် Email ကို ရိုက်ထည့်၍ ရှာဖွေပါ။
၃။ မိမိ၏ အီမေးလ်သို့ ပေးပို့လာသည့် လင့်ခ်/ညွှန်ကြားချက်အတိုင်း Password Reset ပြုလုပ်ပါ။
အရေးကြီးချက်။ အကောင့်ပြုလုပ်ခဲ့သော Username သို့မဟုတ် Email မှန်ကန်မှသာ Password Reset ပြုလုပ်နိုင်မည် ဖြစ်သည်။
သင်တန်းဆိုင်ရာ
3. ဤသင်တန်းသည် မည်သူများအတွက် ရည်ရွယ်ထားပါသလဲ။ +
ဖြေ။ အီလက်ထရောနစ် ထောက်ပံ့ပစ္စည်းစီမံခန့်ခွဲမှု သတင်းအချက်အလက်စနစ် (eLMIS) အသုံးပြုသူများနှင့် ပံ့ပိုးကူညီသူများအတွက် ရည်ရွယ်ပါသည်။
- ဗဟို/တိုင်း/ပြည်နယ်/မြို့နယ်အဆင့် ဆေးနှင့် ဆေးပစ္စည်းသိုလှောင်ရုံများမှ တာဝန်ရှိသူများနှင့် ဆေးသိုလှောင်ရုံ ကြီးကြပ်ကွပ်ကဲသူများ၊
- ဆေးနှင့် ဆေးပစ္စည်းသိုလှောင်ရုံများမှ eLMIS(mSupply) တာဝန်ခံများ၊ eLMIS သင်တန်းပို့ချသူများနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးတွင် ပါဝင်သူများ။
4. Mobile Application ဖြင့် သင်တန်းတက်ရောက်နည်း အဆင့်ဆင့်ကို သိလိုပါသည်။ +
ဖြေ။ မိုဘိုင်းဖုန်းဖြင့် သင်တန်းတက်မည်ဆိုပါက အောက်ပါအတိုင်း လုပ်ဆောင်ရမည် ဖြစ်ပါသည် -
- အဆင့် (၁) - Application ရယူခြင်း။ Google Play Store တွင် Moodle Application ကို ရှာဖွေ၍ ဖုန်းအတွင်းသို့ Install ပြုလုပ်ပါ။
- အဆင့် (၂) စနစ် ချိတ်ဆက်ခြင်း။ Application ကို ဖွင့်ပြီး ဝဘ်ဆိုက်လိပ်စာ (Site Address) နေရာတွင် [https://learn.labaccex.com](https://learn.labaccex.com) ကို ဖြည့်စွက်ပါ။
- အဆင့် (၃) အကောင့်ဝင်ခြင်းနှင့် အသုံးပြုခြင်း။ မိမိ၏ Username နှင့် Password ဖြင့် Login ဝင်ရောက်ကာ သင်တန်းများကို စတင်တက်ရောက်နိုင်ပါသည်။
5. သင်တန်းတက်ရောက်ရန် ကုန်ကျစရိတ် ရှိပါသလား။ +
ဖြေ။ ကုန်ကျစရိတ် မရှိပါ။ အခမဲ့ တက်ရောက်နိုင်ပါသည်။ အောက်ပါ အဆင့် (၂) ဆင့်အတိုင်း လုပ်ဆောင်၍ တက်ရောက်နိုင်ပါသည် -
- အကောင့်ဖွင့်လှစ်ခြင်း။ ပထမဦးစွာ စနစ်အတွင်း အကောင့်မှတ်ပုံတင်ခြင်း (Account Register) ပြုလုပ်ရမည်။
- သင်တန်းအပ်နှံခြင်း။ မိမိ တက်ရောက်လိုသော Course ကို ရွေးချယ်ပြီး "Enroll" ခလုတ်ကို နှိပ်၍ ကိုယ်တိုင် စတင်တက်ရောက်နိုင်သည်။
6. သင်တန်းတက်ရောက်ရာတွင် အချိန်ကန့်သက်ချက် သတ်မှတ်ထားပါသလား။ +
ဖြေ။ သင်တန်းများတက်ရောက်ရာတွင် အချိန်ကန့်သက်ချက် သတ်မှတ် မထားပါ။
7. mSupply online Learning သင်တန်းကို အင်တာနက်မရှိဘဲ လေ့လာလို့ ရပါသလား။ +
ဖြေ။အင်တာနက်ဖြင့်သာ တက်ရောက်နိုင်ပါသည်။
8. သင်တန်းဆင်းလက်မှတ်(Certificate) ရနိုင်ပါသလား။ +
ဖြေ။ သင်တန်းပြီးဆုံးပါက Course Completion Certificate ကို Download ရယူနိုင်ပါသည်။ သတ်မှတ်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -
- သတ်မှတ်ချက်။ ဗီဒီယိုသင်ခန်းစာများနှင့် Quiz များအားလုံးကို အောင်မြင်စွာ ကြည့်ရှု/ဖြေဆိုပြီး ဖြစ်ရမည်။
- စာမေးပွဲ/အကဲဖြတ်ခြင်း။ သီးခြား စာမေးပွဲ (Exam) ဖြေဆိုရန် သို့မဟုတ် Assignment တင်ရန် မလိုအပ်ပါ။
9. Quiz များ ဖြေဆိုခြင်းဆိုင်ရာ သတ်မှတ်ချက်များ သိလိုပါသည်။ +
ဖြေ။ Quiz ဖြေဆိုခြင်းနှင့် ပတ်သက်၍ အောက်ပါအတိုင်း သတ်မှတ်ထားပါသည် -
- မေးခွန်းပုံစံများ။ Multiple Choice Questions နှင့် True/False Questions များ ဖြစ်သည်။
- ပြန်လည်ဖြေဆိုခွင့်။ Quiz ဖြေဆိုရာတွင် သက်မှတ်ထားသောအမှတ် မရရှိပါက မေးခွန်းများကို ပြန်လည်ဖြေဆိုနိုင်သည်။
10. mSupply online Learning သင်တန်းများတက်ရောက်ရာတွင် အခက်အခဲများရှိပါက မည်သို့လုပ်ဆောင်ရမည်နည်း။ +
ဖြေ။ mSupply online Learning သင်တန်းများတက်ရောက်ရာတွင် သင်တန်းဗီဒီယိုများ ကြည့်၍မရခြင်း၊ Website/Application အသုံးပြုရခက်ခဲခြင်း စသည့် နည်းပညာပိုင်းဆိုင်ရာ အခက်အခဲများရှိပါက အောက်ပါ Contact Number သို့ ဆက်သွယ်၍ အကူအညီတောင်းခံနိုင်ပါသည်။
Contact No: 09-455043813