eLMIS in Myanmar

🌐

eLMIS (electronic Logistics Management Information System) ၏ နောက်ခံ သမိုင်းကြောင်း

           ကျန်းမာရေးဝန်ကြီးဌာနတွင် eLMIS စနစ်ကို အမျိုးသား ခုခံကျ/ကာလသားရောဂါတိုက်ဖျက်ရေး စီမံချက် - National AIDS Programme (NAP), အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေး စီမံချက် - National Tuberculosis Programme (NTP) နှင့် အမျိုးသားငှက်ဖျားရောဂါတိုက်ဖျက်ရေးစီမံချက် - National Malaria Control Programme (NMCP) တို့တွင် mSupply software – Inventory Version ကိုအသုံးပြု၍ ၂၀၁၄ ခုနှစ်မှ စတင်ကာ Clinton Health Access Initiate (CHAI) အဖွဲ့၏ နည်းပညာပံ့ပိုးမှုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။

            ထို့အတူ mSupply software ၏ aggregated version ကို အသုံးပြုသော Regional Supply Chain Strengthening Project (RSCS) ကို 3MDG အဖွဲ့၏ ရန်ပုံငွေဖြင့် ၂၀၁၅ ခုနှစ်မှ ၂၀၂၈ ခုနှစ်အထိ SCMS အဖွဲ့မှ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး နောက်ပိုင်းတွင် GHSC-PSM အဖွဲ့မှ လွှဲပြောင်းတာဝန်ယူခဲ့ပါသည်။

            ၂၀၂၀ ခုနှစ် မတ်လအတွင်း ကျင်းပသော Supply Chain Technical Strategic group အစည်းအဝေးတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကုလသမဂ္ဂ အဖွဲ့အစည်းမှ တာဝန်ရှိသူများ၊ Chemonics, CHAI နှင့် Zenith TRI အဖွဲ့တို့မှ တာဝန်ရှိသူများတက်ရောက်ခဲ့ပြီး mSupply software system ကို နိုင်ငံတဝှမ်းလုံးတွင် စံသတ်မှတ်ထားသောစနစ် (Common Standard Platform) အဖြစ် အသုံးပြု၍ eLMIS စနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ကြပါသည်။ ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဆေးနှင့်ဆေးပစ္စည်းများအား စီမံခန့်ခွဲရာ၌ eLMIS စနစ်အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဗဟိုအဆင့်မှ မြို့နယ်အဆင့်အထိ mSupply Software ၏ Inventory Module ကို အသုံးပြု၍ သော်လည်းကောင်း၊ မြို့နယ်အောက်တွင်ရှိသော ကျန်းမာရေးဌာနများတွင် mSupply software ၏ mobile version ကို အသုံးပြု၍သော်လည်းကောင်း နိုင်ငံတဝှမ်းလုံးတွင် တိုးချဲ့အသုံးပြုသွားရန် ဆုံးဖြတ်ခဲ့ကြပါသည်။

ပြည်သူ့ကျန်းမာရေးညွှန်ကြားရေးမှူးချုပ်မှ eLMIS စနစ် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လုပ်ငန်းများကိုကြီးကြပ်ရန်နှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နိုင်ရန်အတွက် eLMIS Core Team ကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်ပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနအောက်ရှိ ဌာနခွဲများနှင့် ဌာနစိတ် အသီးသီးမှ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ Supply Chain မိတ်ဖက် အဖွဲ့အစည်းအများဖြစ်သော CHAI နှင့် Chemonics အဖွဲ့တို့ဖြင့် ဖွဲ့စည်း ဆောင်ရွက်လျက်ရှိပါသည်။

            (၂၀၂၂) ခုနှစ်တွင် ကျန်းမာရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ကာကွယ်ဆေးနှင့်ဆက်စပ်ပစ္စည်းများကို စီမံခန့်ခွဲရာတွင် eLMIS စနစ်ကို အသုံးပြုနိင်ရန် ဆောင်ရွက်ခဲ့ပြီး (၂၀၂၃) ခုနှစ်တွင် ဗဟိုအဆင့်နှင့် တိုင်းဒေကြီး၊ ပြည်နယ်အဆင့် ကာကွယ်ဆေး အအေးခန်း ဆေးသိုလှောင်ရုံများတွင် လည်းကောင်း၊ (၂၀၂၄) ခုနှစ်မှ စတင်ကာ တိုင်းဒေကြီး၊ ပြည်နယ်အဆင့် ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဆေးသိုလှောင်ရုံများတွင် ဆေးနှင့်ဆေးပစ္စည်းများ စီမံခန့်ခွဲရာတွင် eLMIS စနစ်ကို အသုံးပြုနိင်ရန် ဆောင်ရွက်ခဲ့ပါသည်။

             ထို့နောက် ၂၀၂၄ ခုနှစ် တတိယလေးလပတ်မှ စတင်၍ Integrated eLMIS စနစ်ကို မြို့နယ်အဆင့် ကာကွယ်ဆေး သိုလှောင်အအေးခန်းများနှင့် ပြည်သူ့ကျန်းမာ ရေးဆိုင်ရာ ဆေးသိုလှောင်ရုံများတွင် ဆက်လက်တိုးချဲ့ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါသည်။ ၎င်းအပြင် mSupply software မှ သတင်းအချက်အလက်များကို အခြေခံ၍ Power Bi dashboard ကို ဆောင်ရွက်ထားရှိခြင်းကြောင့် ပြည်သူ့ကျန်းမာရေးစီမံချက်များမှ တာဝန်ရှိသူများအနေဖြင့် ဆေးနှင့်ဆေးပစ္စည်းများအား အချိန်နှင့်တပြေးညီ စီမံခန့်ခွဲနိုင်မည် ဖြစ်ပါသည်။

mSupply Implementation

ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာနလက်အောက်ရှိ စီမံချက်ဌာန အသီးသီးတွင် eLMIS စနစ် အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေ


eLMIS စနစ်ကို ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် CHAI အဖွဲ့နှင့် Chemonics အဖွဲ့တို့မှ နည်းပညာပံ့ပိုးပေးမှုဖြင့် ဆောင်ရွက်လျက်ရှိပါသည်။ CHAI နှင့် Chemonics အဖွဲ့တို့သည် အောက်ပါအတိုင်း သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် mSupply software အသုံးပြု၍ ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဆေးနှင့်ဆေးပစ္စည်းများကို စီမံခန့်ခွဲရာ၌ လိုအပ်သော နည်းပညာပံ့ပိုးပေးမှုများ ဆောင်ရွက်လျက်ရှိပါသည်။

 
စဉ် အဖွဲ့အစည်း /
နယ်ပယ်
တိုင်းနှင့် ပြည်နယ် အရေအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များ
၁။ CHAI (၁၁) ခု ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ နေပြည်တော်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ရှမ်းပြည်နယ်(တောင်ပိုင်း)။
၂။ Chemonics (၆) ခု ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး။
 

၂၀၂၆ ဇွန်လအထိ ဗဟိုအဆင့်ဆေးသိုလှောင်ရုံ (၅) ခု၊တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်ဆေးသိုလှောင်ရုံ (၇၈)ခုနှင့် မြို့နယ်အဆင့် ဆေးသိုလှောင်ရုံ (၂၀၄) ခုတို့တွင် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

mSupply Implementation
 
ကာကွယ်ဆေးနှင့်ဆက်စပ်ပစ္စည်းစီမံခန့်ခွဲသော vaccine eLMIS စနစ်ကို CHAI အဖွဲ့မှ အဓိကကူညီပံ့ပိုးပေးလျက်ရှိပါသည်။ ၂၀၂၆ ဇွန်လအထိ ဗဟိုအဆင့် ကာကွယ်ဆေးသိုလှောင် အအေးခန်း (၁) ခု၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် ကာကွယ်ဆေးသိုလှောင် အအေးခန်း (၁၉) ခုနှင့် မြို့နယ်အဆင့် ဆေးသိုလှောင်ရုံ (၂၂၆) ခုတို့တွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။
mSupply Implementation