Frequently ask questions (FAQ)

Site: mSupply Online Learning
Course: mSupply Online Learning
Book: Frequently ask questions (FAQ)
Printed by:
Date: Tuesday, 25 August 2026, 10:07 AM

Description

E-Learning Platform ကို စတင်အသုံးပြုသူများအတွက် မကြာခဏမေးလေ့ရှိသော မေးခွန်းများနှင့် အဖြေများကို အောက်တွင် စုစည်းဖော်ပြထားပါသည်။

1. မေး။  Platform ကို အသုံးပြုနိုင်ရန် အကောင့်အသစ်ကို ဘယ်လို ပြုလုပ်ရမလဲ။

ဖြေ။  အောက်ပါအဆင့်များအတိုင်း ဆောင်ရွက်ပါ —
1.   Browser တွင် https://learn.labaccex.com ကို ရိုက်ထည့်ပါ။
2.   Login ခလုတ်ကိုနှိပ်ပြီး Create new account ကိုနှိပ်ပါ။
3.   ပေါ်လာသော Page တွင် Username, Password, Email, First name, Last name, City/Town, Country တို့ကို ပြည့်စုံစွာဖြည့်ပြီး Create my new account ကိုနှိပ်ပါ။
4.   သင့် Email သို့ Confirmation email ရောက်လာပါမည်။
5.   Email ထဲရှိ Account Confirmation Link ကိုနှိပ်ပါက mSupply E-Learning Platform ကို စတင်အသုံးပြုနိုင်ပါပြီ။

2. E-Learning Platform သို့ ဘယ်လိုဝင်ရမလဲ။ Password မေ့သွားပါက ဘယ်လိုလုပ်ရမလဲ။

အကောင့်ဖွင့်ပြီးသည်နှင့် သတ်မှတ်ထားသော Username နှင့် Password ဖြင့် Login ဝင်ရောက်နိုင်ပါသည်။ Password မေ့သွားပါက “Lost password” ခလုတ်ကိုနှိပ်ပြီး Username သို့မဟုတ် Email ဖြင့် ပြန်လည်ရှာဖွေကာ Password ကို reset ပြုလုပ်နိုင်ပါသည်။

3. မေး။ Platform ကို Mobile ဖုန်းဖြင့် အသုံးပြုနိုင်ပါသလား။

ဖြေ။  အသုံးပြုနိုင်ပါသည်။ Mobile App ကို E-Learning Platform website တွင် Download ပြုလုပ်နိုင်ပါသည်။

4. မေး။ Course များကို ဘယ်လို Enrol လုပ်ရမလဲ။

ဖြေ။  Login ဝင်ရောက်ပြီးသည်နှင့် Introduction မှစတင်၍ အဆင့်ဆင့် တက်ရောက်သွားနိုင်ပါသည်။

5. မေး။ Course တက်ရောက်ရာတွင် အခကြေးငွေ ပေးရပါသလား။

ဖြေ။  Course များ တက်ရောက်ရာတွင် အခကြေးငွေ ပေးဆောင်ရန် မလိုအပ်ပါ။

6. မေး။ Course များကို English အပြင် မြန်မာဘာသာဖြင့်ပါ ရရှိနိုင်ပါသလား။

ဖြေ။  လက်ရှိတွင် Course များကို English ဘာသာဖြင့်သာ ရရှိနိုင်ပါသည်။

7. မေး။ Certificate ကို ဘယ်လိုရယူရမလဲ။

ဖြေ။  Course ပြီးဆုံးသည့်အခါ Course completion certificate ကို Download ရယူနိုင်ပါသည်။

မှတ်ချက်။  Course အပြီးမှသာ Certificate ကို Download ရယူနိုင်မည် ဖြစ်ပါသည်။

8. မေး။ Certificate ပေါ်တွင် နာမည်မှားနေပါက ဘယ်လိုပြင်ရမလဲ။

ဖြေ။  Certificate ပေါ်ရှိနာမည်သည် သင်၏ Profile Name အတိုင်း ထုတ်ပေးခြင်းဖြစ်သောကြောင့် နာမည်မှားနေပါက Profile Name ကို ပြင်ဆင်ခြင်းဖြင့် ပြင်ဆင်နိုင်ပါသည်။