ပြည်သူ့ကျန်းမာရေးစီမံချက်များရဲ့ ရည်ရွယ်ချက်တွေကို ရှင်းလင်းစွာ သိရှိနိုင်စေရန်

ထောက်ပံ့ဖြန့်ဖြူးရေးစီမံခန့်ခွဲမှု သတင်းအချက်အလက်ဆိုင်ရာစနစ် Logistics Management Information System (LMIS) အကြောင်း သိရှိနိုင်စေရန်နဲ့

eLMIS လို့ခေါ်တဲ့ Electronic Logistics Management Information System ကို ပြောင်းလဲအသုံးပြုခြင်းရဲ့ အကျိုးကျေးဇူးများကို သိရှိနိုင်စေဖို့ ဆွေးနွေးပေးသွားမှာ  ဖြစ်ပါတယ်

This course introduces health facility and warehouse staff to mSupply, the electronic logistics management system used across Myanmar's public health supply chain.

mSupply သုံးစွဲသူ အခြေခံလမ်းညွှန်စာအုပ်ကို mSupply software အသုံးပြုနေသော ကာကွယ်ဆေးနှင့်ဆက်စပ်ပစ္စည်းသိုလှောင်အအေးခန်းများရှိ ဝန်ထမ်းများအတွက် ကာကွယ်ဆေးနှင့် ဆက်စပ်ပစ္စည်း  ထောက်ပံ့ဖြန့်ဖြူးရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် အထောက်အကူဖြစ်စေရန်နှင့် mSupply software အသုံးပြုပုံကို ရိုးရှင်းသောလမ်းညွှန်ချက်များပေးနိုင်ရန် ထုတ်ဝေထားခြင်း ဖြစ်ပါသည်။ ၎င်းအပြင် ဆေးသိုလှောင်ရုံကြီးကြပ်ကွပ်ကဲသူများအတွက် ဆေးဝါးသိုလှောင်ဖြန့်ဖြူးရေး ဆိုင်ရာ လုပ်ငန်းများဆောင်ရွက်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များချမှတ်နိုင်ရန် အထောက်အကူ ပေးနိုင်သော အစီရင်ခံစာများ ထုတ်ယူနည်းကို သိရှိနိုင်ရန် ဖော်ပြထားပါသည်။

mSupply online learning platform ကို အသုံးပြုနည်း၊ သင်တန်းများတွင် စာရင်းသွင်းနည်း၊ Module များကို လေ့လာနည်းနှင့် သင်ခန်းစာများ ပွင့်အောင် လုပ်ဆောင်နည်းများကို လေ့လာပြီး သင်တန်းများကို ယုံကြည်ချက်ရှိရှိဖြင့် စတင်နိုင်မည် ဖြစ်သည်။